ကျွန်တော်တို့တွေ စိုးရိမ်ကြောက်ရွံ့နေရတယ်။ တကယ့်ကို international လိုင်စင်ကြီးနဲ့ windows ကိုဝယ်သုံး နေရရင်ဘယ်လိုလုပ်မလဲ။ အခုအချိန်မှာတော့ ကျွန်တော်တို့တွေ သိပ်ပြီးကြောက်စရာ မလို တော့ပါဘူး။ ကျွန်တော်တို့တွေဟာ Linux မိသားစုကို ရင်းရင်းနှီးနှီးရှိလာလေပြီ။ ဒါပေမယ့် windows က program တော်တော်များများ run မရတာ။ windows နဲ့မတူတဲ့အပိုင်းတွေ များတာကြောင့် Windows ကနေ Linux ကိုချက်ခြင်းပြောင်းသုံးဖို့က အဆင်မပြေသေးပြန်ဘူးလေ။ ဒီလိုမျိုး user အတွက်.......

ကျွန်တော်တို့အတွက် ၁၀ နှစ်ကျော် ဖန်တီးခဲ့တဲ့ OS တစ်ခုReact OS ဆိုတဲ့ OS ရှိပါတယ်။ သူက *nix family မဟုတ်ဘူး။ Linux လည်းမဟုတ် Unix လည်းမဟုတ်။Windows XP ကိုအခြေခံပြီးဖန်တီးထားတဲ့ Free & Open source ပါ။ အခုအချိန်မှာတော့ alpha version ပဲရောက်သေးတယ်။ စမ်းသုံးဆဲအဆင့်ပေါ့။
React OS ကို Windows နေရာမှာ အစားထိုးလာမှာလား။ ဒါမှမဟုတ် ဟိုတချိန်က Windows က Unix ကို တိုက်ခဲ့သလို Windows ကို React OS က ပြန်တိုက်မှာလား။ Windows အခြေခံထားပြီး Free Open Source ကWindows ကိုကောင်းကောင်းစိန်နေပါပြီ။ Windows Program တော်တော်များများ React OS မှာ run လို့ ရနေပါပြီ။ ဘာတွေ ဘယ်လို run လို့ရလဲ ကြည့်ချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။ နောက်ပြီး Live CD လည်းရတယ်။ ဒါ့အပြင် source code ကိုပါ download ချလို့ရတယ်။ sourcode ကြီးပဲ 60 MB ရှိတယ်။ လေ့လာချင်ရင် လေ့လာလို့ရတာပါ။ OS တစ်ခု ဘယ်လိုရေးမလဲ။ နောက်ပြီး ကျွန်တော်တို့ မြန်မာတွေ အော်အော်နေတဲ့ Myanmar Unicode ကြီး မြန်မာစာ OS ပေါ်မှာ ရရှိ ရေး စတာတွေကို React OS က ကောင်းကောင်းအထောက် အပံ့ပေးကောင်းပေး နိုင် လိမ့်မယ်။ ဒါ့အပြင် Source Code တစ်ခု လုံး ကို လည်း Free Download ချခွင့်ရှိတယ်။ Windows အတွက် နောက်ထပ် ပြိုင်ဘက် တစ်ယောက် မကြာခင်မှာထပ်မံ ရောက်ရှိ လာတော့ မယ်လို့ ယူဆရကြောင်း.....
Windows , Mac , Linux ကနေ ထပ်ပြီး React OS က နောက်ထပ် Windows platform အခြေခံ Free Opensource OS အနေနဲ့ OS လောက ပြိုင်ပွဲကြီးထဲ ဝင်ရောက်ဖို့ တာစူနေပြီ။ အခုအချိန်မှာတော့ alpha version မို့ ခဏလောက်သည်းခံလိုက်ကြတာပေါ့ဗျာ….
