Thursday, October 30, 2008

Brazil ဘော့လုံးအသင်းရဲ့ လေဘေးခရီးစဉ်





ရန်ကုန် ထွက်ခါစ

ကားသည်တရွှေ့ရွှေ့မောင်းလာခဲ့ပြီး ကော့မှူးမြို့အ၀င်နားရောက်သည့် ဦးသာဥာဏ်က လေမုန်တိုင်းနှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့ပုံများ ပျက်စီးဆုံးရှုံးရမှုများကို ရှင်းပြသည်။ ဦးသာဥာဏ်က အင်္ဂလိပ်လို ပြောပြီး အသင်းအုပ်ချုပ်သူက အသင်းသားများကို ဘရာဇီးဘာသာစကားဖြင့် တဆင့်ပြန်လည်ရှင်းပြသည်။ ထိုအချိန်မှစ၍ သချင်းကိုပိတ်ပြီး သူတို့ပျော်ရွှင်မြူးတူးမှုတွေကို ရပ်လိုက်ကြပြီး မုန်းတိုင်းနှင့် ပတ်သက်ပြီး ပြောပြသည်များကို စိတ်ဝင်တစား နားထောင်နေကြသည်။ အသင်းသားများထဲမှ တစ်ချို့က ကင်မရာလေးများဖြင့် လမ်းဘေးဝဲယာက အိမ်တွေကို ဓာတ်ပုံရိုက်ကြသည်။

တကယ်တန်း ဘရာဇီးဘော့လုံးသာများ၏ အစီစဉ်မှာ ကားပေါ်တွင်အိပ်ပြီး လိုက်ရန်စီစဉ်ခဲ့ပြီး ဟိုတယ်မှ ခေါင်းအုံးများကိုလည်းယူဆောင်လာကြသေးသည်။ သို့ပေမယ့် ပတ်ဝန်းကျင်နှင့် လက်ဝှေ့ရမ်း နုတ်ဆက်ပြနေသည့် လူများကိုကြည့်ပြီး သူတို့အိပ်ဖို့ စိတ်ကူးရှိဟန်မတူတော့ပေ။ မုန်တိုင်းနှင့် ပတ်သက်ပြီး ပြောပြသည့်အကြောင်းအရာများကို နားထောင်ရင်း လမ်းဘေးဝဲယာက တာပေါ်လင်မိုးထားသည့် အိမ်လေးများ ကျောင်းလေးများကို ကြည့်ရှုရင်း လိုက်ပါလာကြသည်။


ဖျာပုံအရောက်

ဖျာပုံတံတားသို့ရောက်သည်။ အသင်းသားများကလည်း ကားပေါ်မှ ဆင်းကာ တံတားပေါ်မှ ဧရာဝတီမြစ်မြင်ကွင်းကို ကြည့်ရှုခံစားကြပြီး အမှတ်တရာဓာတ်ပုံများကို ရိုက်ကြသည်။ အသင်းသားများထဲမှာ တစ်ယောက်ကတော့ ဘေးနားမှ ဖြတ်သွားသည့် ဆိုင်ကယ်တစ်စီးကို တားပြီး တံတားပေါ်တွင် ဆိုင်ကယ်ပတ်စီးကာ သဘောကျနေသည်။ ထို့နောက်ကား မစီးကြတော့ပဲ တံတားဆုံးသည်အထိ တစ်ဖွဲ့လုံးလမ်းလျှောက်ကြသည်။ တံတားဆုံးမှသာ ကားပေါ်သို့ ပြန်တက်ကြပြီး ဖျာပုံမြို့ထဲသို့ ၀င်သည်။ ဖျာပုံမြို့ခံများကလည်း ဘရားဇီးအသင်းသားများ လိုက်ပါလာသည့် ကားကိုမြင်သည်နှင့် လမ်းမပေါ်သို့ ပြေးထွက်တဖွဲဖွဲပြေး ထွက်လာကြပြီး လက်ဝှေ့ရမ်းကာ နုတ်ဆက်ကြသည်။ တစ်ချို့က ဘရာဇီး ဘရာဇီး ဟု သံပြိုင်ဟစ်အော်ကြသည်။



ဖျာပုံ အထက ၃

ယခုမြန်မာပြည်ကိုလာရောက်သည့် အသင်းသည် ဘရာဇီးနိုင်ငံ ကိုယ်စားပြု လက်ရွှေးစင်အသင်း မဟုတ်ပေ။ ဘရာဇီးနိုင်ငံရှိ ကလပ်သင်းတစ်ခုသာ ဖြစ်ပြီး ဘရာဇီးလက်ရွှေးစင်ဟောင်း ခြောက်ဦးသာပါသည်။ နိုင်ငံတကာစံနှုန်းအနေဖြင့် ပြောမည်ဆိုလျှင် ကလပ်အသင်းလေး တစ်ခုသာဖြစ်သော်လည်း မြန်မာပြည်သူ ပရိတ်သတ်များက လမ်းဘေးဝဲယာတစ်လျှောက်တွင် ယခုလို အုပ်အုပ်ကြက်ကြက် အားပေးကြသည်ကို မြင်တွေ့ရသောအခါ သူတို့ အရမ်းဝမ်းသာကြသည်။ အသင်းအုပ်ချုပ်သူက “ ထိုင်းနိုင်ငံက သူတို့နိုင်ငံဟာ Country Of Smile (အပြုံးနိုင်ငံ) လို့ နိုင်ငံတကာကို ကြေငြာထားတယ်။ ဒါပေမယ့် သူတို့နိုင်ငံက မြန်မာနိုင်ငံလောက် မပြုံးဘူး တကယ်တော့အပြုံးနိုင်ငံဆိုတာကို မြန်မာနိုင်ငံကို ပိုပြီး ခေါ်သင့်တယ် ” ဟု အားပေးနေသော ပရိတ်သတ်များကို ကြည့်ပြီး ကြေနပ်စွာ ပြောဆိုသွားခဲ့သည်။


ရှမ်းကွင်းကြီးကျေးရွာ



ဖျာပုံကျောင်းအထွက်မှာ ကားတွန်း
ဘရာဇီး ဘော့လုံးအသင်းသားများကတော့ ကျောင်းစာသင်ခန်းများအတွင်းသို့ လှည့်ပတ်သွားလာကြပြီး ကျောင်းသားများကို လက်မှတ်ရေးထိုးထားသော ပို့စကဒ်လေးများ ဝေငှပေးသည်။ အချို့သော အသင်းသားများကတော့ ကျောင်းစာသင်ခုံများ ကျောင်းသားများနှင့် ရောထိုင်ကာ စာသင်တာကို ထိုင်ကြည့် အချို့ကတော့ ကလေးများနှင့်တွဲကာ အမှတ်တရ ဓာတ်ပုံများကို ရိုက်ကူးသည်။ ကျောင်းအတွင်းမှ ဘော့လုံးအသင်းသားများ ထွက်လာသည့်အခါ ရန်ကုန်မှစီးလာသော ဘတ်စကားသည် ကျောင်းအရှေ့တွင် ဗွက်ကျွံနေသည်။ ဗွက်ကျွံနေသော ကားကို ဗွက်မှရုန်းနေစဉ် ဘော့လုံးသမားတစ်ယောက်က လမ်းမပေါ်တွင် ဘော့လုံးကို တော့က သရုပ်ပြကစားပြသည်။ အချို့သော ဘော့လုံးသများက လက်မှတ်ရေးထားသော ပို့စကဒ်လေးများကို လာကြည့်ကြသည့် ဒေသခံများကို ဝေငှပေးသည်။ ဗွက်ကျွံနေသည့်ကားသည် ရုန်းရင်းနစ်ရင်းဖြင့် နောက်ဆုံးတွင် ဘီးတစ်ဝက်ကျော်သည်အထိ နစ်သွားသည်။ နောက်ဆုံးတွင် ဗွက်ကျွံနေသော ကားကို ဘရာဇီး အသင်းသားများ ရပ်ကြည့်နေကြသူများ ကျောင်းသားများ အားလုံး ၀ိုင်းတွန်းကြသည့် အခါမှသာမှ ဗွက်က ရုန်းထွက်နိုင်ခဲ့သည်။ ထို့နောက်တွင် ကျောင်းသားများကို အားကစားသများ ၀ိုင်းဝန်းလက်မှတ်ရေးထိုးထားသည့် ဘော့လုံးတစ်လုံးကို လက်ဆောင်အဖြစ်ပေးအပ်ကာ ဖျာပုံမြို့မှ ထွက်ခွာခဲ့ကြသည်။

ဖျာပုံ အထက ၃ ကျောင်းသားတွေကို ဘော့လုံး လက်ဆောင်ပေး



ကားဗွက်ကျွံနေတုန်း ဘောလုံးကစားပြ



ဆိုက္ကားစီးပြီး သဘောကျ


ကျိုက်လတ် ဘောလုံးကွင်းမှာ လက်တွေ့သရုပ်ပြ သင်တန်းပေး



လာအားပေးတဲ့ ပရိသတ်က ရန်ကုန်ထက်တောင် များသေးတယ်

တချိန်မှာတော့ ကမ္ဘာကျော်မယ်


ရှမ်းကွင်းကြီးရွာမှာ ဘော့လုံးလက်ဆောင်ပေး

ဘရာဇီးဘော့လုံးမှရံပုံငွေမျှော်မှန်းထားသလောက်မရရှိခဲ့ပါ။သို့ပေမယ့်မြန်မာဘောလုံးလောကအတွက်တော့အသုံးဝင်မည့်အတွေ့ အကြုံ တစ်ခု ရသွားခဲ့သည်က မလွဲပေ။








ref;ko soe zay ya