ခေါင်းကိုမော့ထား...အသက်ကို အားရပါးရရှု
လူလုပ်ဖို့တွေ
အများကြီး ရှိသေးတယ်လေ...
မျက်လုံးကိုမှိတ်
အပြုံးတု အနိဌာရုံတွေ
စိတ်ကခဏခွာ
အစစ်မှမဟုတ်တာ မတွေးနဲ့တော့လေ...
နှုတ်ခမ်းကိုဖွဖွပြုံး
ခဏခဏ မုန်းရတဲ့
ဒီလိုဆုံးရှုံးမှုတွေဟာ
ဒါ... ပထမဆုံးအကြိမ်မှ မဟုတ်တာလေ...
တွေးရင်း
ဝေးရင်း
ကိုယ့်ကိုကိုယ် သတိတွေပေးရင်းနဲ့ပဲ...
နာတယ်... စိတ်ထဲမှာ
ကြာတယ်... ကာလတွေဟာ
ခါးတယ်... ရင်ထဲမှာ
မှားတယ်... အရာရာ
အမှောင်တွေပိတ်ဖုံး
မျက်လုံးထဲဘာမှမမြင်တဲ့
အခုလိုရက်တွေထဲ
အရာရာဟာ...
တကယ်ကို ခါးသက်သက်ပါပဲ...
