
ကိုယ့် ရဲ့ ကွန်ပျူတာမှာရှိတဲ့ ကိုယ်ပိုင် Setting တွေကို တစ်စုံတစ်ယောက် က စရင်းနောက်ရင်း ပြင်သွားတဲ့ အခါမျိုး ၊ တခြားဆော့ဖ်ဝဲတွေကို install လုပ်သွားတဲ့ အခါမျိုးတွေမှာ ကိုယ့်ရဲ့ စက်ကို ထားခဲတဲ့ အခြေ အ နေတိုင်း ပြန်ပြီးရှိစေချင်တယ်ဆိုရင်တော့ Deep Freeze ဆိုတဲ့ ဆော့ဖ်ဝဲလေးက ကူညီပေးနိုင်ပါမယ်...
Deep Freeze ဆိုတာ ကွန်ပျူတာထဲမှာ တခြားသူတွေ ဘယ်လိုဘဲ ၀င်ရောက်ပြင်ဆင်လိုက်ပေမယ့် restart ချလိုက်လို့ စက်ပြန်တက်လာတဲ့အခါမူလရှိတဲ့ ၀င်းဒိုးရဲ့ အခြေအနေတိုင်း ကိုယ့်ရဲ့ Setting တွေကို မပျောက်မပျက်ရှိနေအောင် ကာကွယ်ပေးနိုင်တဲ့ ဆော့ဖ်ဝဲတမျိုးပါ Deep Freeze မှာ Frozen နဲ့ Thawed ဆိုပြီး အဆင့် နှစ်ဆင့် ရှိပါတယ်။
Frozen ကိုရွေးထားရင် စက်ကို restart ပြန်လုပ်လိုက်တဲ့အခါ ပြင်ဆင်ထားခဲ့ သမျှတွေအားလုံး Deep Freeze ကဖျက်လိုက်ပြီး မူလအခြေအနေကိုပြန်ရောက် သွားစေပါတယ် Thawed ကိုရွေးထားမယ်ဆိုရင်တော့ ကိုယ့် စိတ် ကြိုက် ဆက်တင်တွေကို ပြင်ဆင်နိုင် install လုပ်နိုင်ပါတယ်... ဒါပေမယ့် စက်ထဲမှာရှိတဲ့ ဆော့ဖ်ဝဲ တွေကို update လုပ်မယ်ဆိုရင်တော့ Thawed အနေ ကို ရွေးထားဖို့ လိုပါတယ်။ DF6Std.exe ဖိုင်ကို ကလစ် နှစ်ချက်လောက် ခေါက်လိုက်ရင် installation dialog ပေါ်လာပါ လိမ့် မယ်... ကိုယ်ကြိုက်တဲ့ Drive ကို Freeze လုပ်နိုင်ပေမယ့် Drive အားလုံးကို လုပ်ထားရင်ပိုကောင်းပါတယ်.... Deep Freeze ကို install လုပ်နေစဉ်တွင် antivirus ဆော့ဖ်ဝဲ နဲ့ အခြား program တွေကို ပိတ်ထားဖို့ လိုပါတယ်
ထုံးစံအတိုင်း ပေါ်လာတဲ့ အဆင့် တိုင်း install လုပ်ပါ..စက်ပြန်တက်လာတဲ့ အခါမှာ Deep Freeze program ထဲ ၀င်နိုင်ဖို့ password တောင်းတဲ့ screen တစ်ခုပေါ်လာပါမယ် ဒါပေမယ့် အဲဒီ screen ဟာ 10 seconds ပေါ်ပြီးပြန်ပျောက်သွားမှာပါ..10 seconds.. ....အတွင်း password ရိုက်မထည့်ခဲရင်လည်း နောက်ပြန်ပြီး password ထည့်လို့ရပါတယ်... Deep Freeze program ကို ကိုယ့် ရဲ့ စက်ကနေ ပြန်ပြီး ဖြုတ်မယ်ဆိုရင်တော့ Thawed ကိုပြန်ရွေးထား ရပါ မယ်.. Deep Freeze program ကို လိုအပ်သလို ပြောင်းလဲနိုင် ဖို့ နည်းလမ်းနှစ်မျိုးရှိပါသည်..SHIFT ကီးကို ဖိထားပြီး Deep Freeze icon လေးကို ကလစ် နှစ်ချက်ခေါ်က်လိုက်ပါ... ဒါမှမဟုတ် ကီးဘုတ်က CTRL+SHIFT+ATL နဲ့ F6 ကို တွဲနှိပ်လိုက်ရင် password တောင်းတဲ့ dialog box ပေါ်လာမယ်..ကိုယ့်ရဲ့ password ကိုရိုက်ထဲ့ ပါ.. Password သတ်မှတ်မထားခဲ့ရင် ဘာမှမရိုက်ဘဲ ok ကို နှိပ်လိုက်ပါ..Boot Control, Password, Clone ဆိုတဲ့ tabs သုံးခုနဲ့ Deep Freeze dialog box ပေါ်လာမယ်... Boot Control tab ကတော့ Deep Freeze ကို အသုံးပြု ဖို့ ဖြစ်ပြီး password tab ကတော့ Deep Freeze program ထဲ ကို သူများတွေ မ၀င်နိုင် မပြောင်းနိုင်ဖို့ အတွက်ပါ....Clone tab ကတော့ registry setting file ကို ကော်ပီပွားနိုင်ဖို့ အတွက်ပါ... Deep Freeze program အလုပ်လုပ်နေတယ်ဆိုရင် start menu bar ရဲ့ နာရီဘေးမှာ Frozen icon လေးပေါ်နေမှာပါ..program ကို အလုပ်မလုပ်အောင် ရပ်ထားတယ်..Thawed ကိုရွေးထားတယ်ဆိုရင်တော့ Frozen icon ပေါ်မှာ အနီရောင် ကြက်ခြေခတ် တစ်ခုပေါ်နေမယ်... 4MB နီးပါးသာ ရှိပါတယ်..
Deep Freeze ဆော့ဖ်ဝဲ ကို အင်တာနက်ဆိုင်တွေ ၊ ကွန်ပျူတာသင်တန်းတွေ အပြင် IT စိတ်ဝင်စားတဲ့ သူတွေသုံးလို့ တော့ သိပြီး ၊ ရင်းနှီးပြီးသားဖြစ်မှာပါ
ဘာဘဲဖြစ်ဖြစ် ကိုယ်ရဲ့ Computor Setting တွေကို စိတ်ချနိုင်ဖို့ အတွက်ဆိုရင် Deep Freeze ဆော့ဖ်ဝဲ က တစ်ဖက် တစ်လှမ်း ကနေ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.... DownLoad Link ကတော. http://www.mediafire.com/?trxmyjvddfl (or) http://ifile.it/biduket
Source;minkhit(www.myanmarchatonline.org)
